တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

တံတား  ဧပြီ  ၄

ရန်ကုန်တိုင်းဒေသကြီး၊    သန်လျင်ခရိုင်၊    တံတားမြို့၊    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာပေဝါသနာရှင်များ၊   စာအုပ်စာပေ  ချစ်မြတ်နိုးသူများအသင်း  (Book    Club)   အဖွဲ့ဝင်များ    ပူးပေါင်း၍     စာရေး ဆရာ     ဗန်းမော်သိန်းဖေ     ရေးသားသည့် “ ကြီးကြီးတွေး  မြင့်မြင့်ကြံ ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို  ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးမှူး ဒေါ်မိုးဖြူလွင်က  အများပြည်သူ များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်အချိန်မရှိသူများအတွက် စာဖတ်ခွင့်မ ဆုံးရှုံး စေရန်၊  တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊  စာဖတ်ရှိန်မြှင့်တင် နိုင်ရေးအတွက်  ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပရခြင်းကို   ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်  (Book    Club)  အဖွဲ့ဝင်   မမေမြတ်နိုးက    “ဘယ်လိုကြီးကြီး တွေးရမလဲ”    ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင်  ယနေ့ခေတ်ဟာ  လူငယ်တွေအတွက်   အခွင့်အလမ်းအများဆုံး   အချိန်ဖြစ်ကြောင်း၊ လူငယ်တွေမှာ သူတို့ရဲ့အလုပ် လုံခြုံမှုဆိုသော  အမြင်ကျဉ်းကျဉ်းသာ ရှိနေကြကြောင်း၊  အောင်မြင်မှုကို ပေတံ၊ လက်မ၊  ပိဿာချိန်၊  ဘွဲ့ဒီပလိုမာများဖြင့်  တိုင်းတာခြင်းမဟုတ်ဘဲ သင်ဘယ်လောက်တွေးတတ်တယ်ဆိုတာနဲ့သာ တိုင်းတာကြောင်း၊  လူတွေရဲ့အကြီးမားဆုံး  အားနည်းချက်မှာ  မိမိကိုယ်ကို   အထင်သေးခြင်းဖြစ်ကြောင်း၊ မိမိတွင်ရှိသော အရည်အချင်းများကို စဉ်းစားပြီး  သင့်အရည်အချင်းများနှင့်  ကိုက်ညီအောင်ကြီးကြီး တွေးရမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍  (Book    Club) အဖွဲ့ဝင် မခင်စုစုစံက  “ရည်မှန်းချက်ပန်းတိုင်”  ခေါင်းစဉ်ဖြင့်   ဆွေးနွေးရာတွင် ရည်မှန်းချက်ပန်းတိုင်မရှိသူဟာ ဘဝသေနေသူ ဖြစ်ကြောင်း၊ သင်ဘယ်နေမှာ ရောက်နေသလဲဆိုတာက  အရေးမကြီး သင်ဘယ်နေရာကို ရောက်ချင်သလဲဆိုတာကသာ အရေးကြီးကြောင်း၊ အနာဂတ်မှာသင်ဖြစ်ချင်တာ ကိုပုံဖော်သင့်ကြောင်း  ၊ရည်မှန်းချက်ပန်းတိုင်ထားလျှင် အလုပ်များ အချိန်မီပြီးစီးကြောင်း၊ရည်မှန်းချက်ပန်းတိုင်  ရောက်ဖို့ တစ်ဆင့်ချင်းသွားရမှာ  ဖြစ်ကြောင်း  ဆွေးနွေးပြောကြားရာ  တက်ရောက်လာသော  စာပေဝါသနာရှင်များမှလည်း  အပြန်အလှန်  ဝိုင်းဝန်းဆွေးနွေးကာ  အတွေးအမြင်များ  ဖလှယ်ခဲ့ကြကြောင်း  သိရသည်။

 

မိုးဖြူလွင်(ပြန်/ဆက်)