ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (Book Club) အဖွဲ့များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရေတာရှည် ​ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​​​ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ “ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်​​​​​သော်ဇင်အောင်က စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “​​စာစီစာကုံးနှင့်ကိုယ်စွမ်းကိုယ်စ”​ ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး​ က “ကံရာဇာငယ်၏ အလှူမဏ္ဍပ်”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦး​​ငွေစိုးက “ပညာတတ်ဖို့စာတတ်ရမည်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊(Woman Club)အဖွဲ့၀င်​ မ​အေးမြနိုင်က “​လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တက်ရောက်လာကြ​သော​(Book Club)အဖွဲ့ဝင်များက ခေါင်းစဥ်အသီးသီးဖြင့်လည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏အတွေ့အကြုံများ၊ အသိပညာဗဟုသုတများရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)