မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၄) တက်ရောက်

​မော်လမြိုင် ဧပြီ ၅

မွန်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၄)ကို  ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောာင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်​ရောက်သည်။

အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ ဆောင်ရွက်ထားသည့်ကိစ္စရပ်များအတွက် နစ်နာကြေးနှင့်လျော်ကြေးများကို သက်ဆိုင်ရာမှပေးလျော်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် အထူးအ​လေးထား ​ဆောင်ရွက်လျက်ရှိ​ပါကြောင်း၊ မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်း အ​ကောင်အထည်​ဖော်​ဆောင်ရွက်နိုင်​ရေး ​မြေ​နေရာ​လျှော်ကြေးများတွက် သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်​အောင် ​ဆောင်ရွက်ထားရှိပြီးဖြစ်​ကြောင်း၊ လယ်ယာ​​​မြေစီမံခန့်ခွဲမှုကော်မတီများသည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်သလို မြေပြင်တွင် ဖြစ်ပေါ်နေသည့် ဥပဒေမဲ့ကျူးလွန် လုပ်ဆောင်နေမှုကို စနစ်တကျလေ့လာ ဆန်းစစ်ပြီး မှန်ကန်ရိုးသားစွာလုပ်ဆောင်သည့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ပေးကြရမှာဖြစ်​​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့​နောက် ပြည်နယ်မြေစာရင်းဦးစီးဌာနပြည်နယ်ဦးစီးမှူးကမော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ​လေဆိပ်စီမံကိန်းအတွက် ​မြေယာ​လျော်​ကြေး​ပေးချေနိုင်​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများ၊ ခရိုင်/မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တင်ပြလာသည့် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)၊ ပုဒ်မ ၃၀(ခ)အရ လယ်မြေကို အခြားနည်းအသုံးခွင့်လျှောက်ထားခြင်းနှင့် လယ်မြေမှအပ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်လျှောက်ထားခြင်း ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်​ဆွေး​နွေးအကြံပြုတင်ပြခဲ့ပြီး ပြည်နယ်ဝန်​​ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)