သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

သာစည် ဧပြီ ၅

ပူပြင်းခြောက်သွေ့သော ပွင်းလင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရန် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ အမှတ်(၁)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာအကြံပြုခြင်းများ ဆောင်ရွက်ကာ ဘဏ်မှတာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများပြသ၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ သာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ၊ အသံချဲ့စက်ဖြင့် နှိုးဆော်သတိပေးခြင်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)