ပေါင်းတည်၌ ကျန်းမာရေးဌာနမရှိသည့်ဒေသများသို့ One Stop Service ကျန်းမာရေးဝန်ဆောင်မှု ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျန်းမာရေးဌာနမရှိသည့် ကျေးလက်ဒေသများသို့ One Stop Service ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျန်းမာရေးဌာနမရှိသည့် ကျေးလက်ဒေသရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက်ကလေးသူငယ်များ၊ ပြည်သူများအား ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များဝေငှပေးခြင်းနှင့် သာမန်ရောဂါများ ကုသပေးခြင်းတို့ကို ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဓမ္မာရုံများ၊ စာသင်ကျောင်းများတွင် ယာယီဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)