Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးညိုမြို့နယ်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းအဖြစ် သင်တန်းဖွင့်လှစ်ပို့ချ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို မြို့နယ်အတွင်းရှိ စာသင်ဝိုင်းအသီးသီး၌ ယမန်နေ့ နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာ အ.လ.က-ဆိတ်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄- ၂၀၂၅ မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား (၂၆)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် မြို့နယ်သံဃာ့နာယကအဖွဲမှ ဦးစီးကျင်းပသော (၂၆)ကြိမ်မြောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား စာအောင်ဆုဆက်ကပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်(၁) ဘုရားကြီးလမ်းရှိ သာရမဥ္ဇူသာမိုးကောင်းဘုရားဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၃ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည် စူဠဘွဲ့နှင်းသဘင်အခမ်အနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်ကြီး၌ တင်လှူပူဇော်မည့် ရွှေထီးတော်များအား ရောင်တော်ဖွင့် ပူဇော်
Apr 07,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသော ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော်ကြီး၌ တင်လှူမည့် အမြင့် ၁၈ ပေရှိ ရွှေထီးတော်ကြီးနှင့် အရံစေတီရှစ်ဆူတို့၏ ရွှေထီးတော်များအား ရောင်တော်ဖွင့်ခြင်းကို ယမန်နေ့ မွန်းလွဲညနေပိုင်းက ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆို ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၃ရာခိုင်နှုန်းရှိ
Apr 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို စတုတ္ထနေ့အဖြစ် ယမန်နေ့မွန်းတည့် (၁၂)နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ဘောလုံးအားကစားသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Apr 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်း အားကစားနည်းငါးမျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘောလုံးအားကစားသင်တန်းတွင် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ အများပြည်သူတစ်ဦးမကျန် စာတတ်မြောက်နိုင်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က ကျေးသီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5056
Page
5057
Page
5058
Page
5059
Current page
5060
Page
5061
Page
5062
Page
5063
Page
5064
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department