ကျောက်ပန်းတောင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့ ဆက်လက်ဖြေဆို ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၃ရာခိုင်နှုန်းရှိ

ကျောက်ပန်းတောင်း  ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို စတုတ္ထနေ့အဖြစ် ယမန်နေ့မွန်းတည့် (၁၂)နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစတုတ္ထနေ့တွင် ပထမကြီးတန်းအဘိဓါန်၊ အလင်္ကာဆန်းဘာသာတွင် ရဟန်(၂၄)ပါး၊ သာမဏေ(၆)ပါးနှင့် သီလရှင်(၂)ပါး ပေါင်း (၃၂)ပါး၊ ပထမလတ်တန်း သုတ္တန္တိကမာတိကာနှင့် ဓာတုကထာဘာသာတွင် ရဟန်း(၁၇)ပါး၊ သာမဏေ(၂၆)ပါးနှင့် သီလရှင်(၂)ပါး ပေါင်း(၄၅)ပါး၊ ပထမငယ်တန်း တိကမာတိကာ၊ ဒုကမာတိကာနှင့် ဓာတုကထာဘာသာတွင် ရဟန်း(၈)ပါး၊ သာမဏေ(၆၉)ပါးနှင့် သီလရှင်(၆)ပါး ပေါင်း(၈၃)ပါး၊ အခြေပြုမူလတန်း တိကမာတိကာဘာသာတွင် ရဟန်း(၁၁)ပါး၊ သာမဏေ(၁၂၇)ပါးနှင့် သီလရှင်(၄)ပါး ပေါင်း(၁၄၂)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် (၃၀၂)ပါး တို့ ဝင်ရောက်ဖြေဆိုတော်မူကြကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၃ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာဌာနသို့ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အနီးကပ်ကြီးကြပ်လျက်ရှိကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အချိုရည်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြ၍  မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့်ဝန်ထမ်းများ၊ အကျိုးတော်ဆောင်များက စာဖြေသံဃာများအတွက်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)