အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၅ ရက် နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်တွင် ယနေ့မွန်းတည့်(၁၂)နာရီက တတိယနေ့အဖြစ် ကျင်းပဆောင်ရွက် လျက်ရှိ သည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းတည့်(၁၂)နာရီတွင် တတိယနေ့အဖြစ်  ကျင်းပဆောင်ရွက်လျက်ရှိသည်။
Apr 06,2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန (ရုံးချုပ်) တည်ရှိရာ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက အဆိုပါရုံးချုပ်ရှိ စန္ဒကူးခန်းမ၌ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောသရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီးအတွင်း ၁၃၈၅ ခုနှစ် (၂၀၂၄ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိဂုဏ်ထူး(ပထမနေ့) ဘာသာရပ်အား ဧပြီလ(၄)ရက်နေ့ မွန်းလွဲပိုင်းတွင် စာဖြေဌာန (၄)ခုဖြင့် ကျင်းပ စစ်ဆေးခဲ့ရာ စာရင်းရှိ ၁၀၉ ပါး၊ ဖြေဆို ၅၃ ပါး၊ ပျက်ကွက် ၅၆ ပါး၊ ဖြေဆိုရာခိုင်နှုန်း ၄၉ ဖြေဆိုခဲ့ကြောင်း သိရသည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဆက်လက်ဖြေဆိုတော်မူကြောင်း သိရသည်။
Apr 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။