ကျေးသီးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျေးသီး ဧပြီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ အများပြည်သူတစ်ဦးမကျန် စာတတ်မြောက်နိုင်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ.ထ.က ကျေးသီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဆွေက သင်တန်းများဖွင့်လှစ်ရခြင်းသည် လူတိုင်းပညာတတ်မြောက်စေရန်၊ စာမတတ်သူပ‌ပျောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်းနှင့် သင်တန်းသားများကို ကျေးသီးမြို့နယ်အတွင်းရှိ (ထက်၊ လယ်)ကျောင်းမှ ဆရာ၊ ဆရာမများမှ လာရောက်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လူလှမှ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား သင်ကြားရေးအထောက်အကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)