တပ်ကုန်းမြို့၌ ဘောလုံးအားကစားသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တပ်ကုန်း ဧပြီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်း အားကစားနည်းငါးမျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဘောလုံးအားကစားသင်တန်းတွင် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဘောလုံးအားကစားသင်တန်းပြိုင်ပွဲတွင် သင်တန်းသား၊ သင်တန်းသူ ၉၀ ဦးအား လေးဖွဲ့ခွဲ၍ ပါဝင်ယှဉ်ပြိုင်ကြပြီးနောက် ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သင်တန်းနည်းပြဆရာများနှင့် မိဘများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေအပ်ခဲ့ပြီးနောက် ပြိုင်ပွဲတွင် ဆုရရှိသည့်အဖွဲ့များကို ဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို  ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများအား မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်