ကျောင်းကုန်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ယိမ်းအဖွဲ့များက "မြနန္ဒာ" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက အမွှေးနံ့သာရည်များ လိုက်လံပက်ဖျန်းပေးခဲ့ ကြသည်။ မြို့ပေါ်(၅)ရပ်ကွက်မှ (၅)ယိမ်း၊ ပညာရေးဌာန (အိုးဘို)မှ(၁)ယိမ်း စုစုပေါင်း (၆)ယိမ်းနှင့် တစ်ကိုယ်တော်အကအဖွဲ့များ၊ မြန်မာသံစဥ်အဆိုတော်များနှင့် စတူဒီယို အဆိုတော်များဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအချိန်အထိလည်းကောင်း၊ နေ့လယ် ၃ နာရီမှ ညနေ ၆ နာရီအချိန်အထိ ကပြသီဆို ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့များ၊ ယိမ်းအဖွဲ့များ၊ ဒေသခံပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)