Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးမြို့နယ် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်များ ပြတ်လပ်မှုရှိ/မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် တရားမဝင်ဆ…
May 08,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေးနှင့်ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသည့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်များပြတ်လပ်မှုရှိ/မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ငပုတောမြို့မဈေးအတွင်း ရောင်းချလျက်ရှိသူ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ (၇၆)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကျင်းပ
May 08,2024
၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် "ကမ္ဘာ့ကြက်ခြေနီနေ့" အခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်ပိုင်း၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြင်ဖြစ်ထွန်းနေသည့် နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး
May 08,2024
ကရင်ပြည်နယ်အတွင်း ယခုနှစ်နွေရာသီတွင် နွေစပါး(၁၁၃၈၈၀)ဧက စိုက်ပျိုးရန်လျာထားပြီး (၁၁၃၉၆၇)ဧက စိုက်ပျိုးပြီးစီးခဲ့ရာ လျာထားဧကထက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ ရေကျော်(မကျီးကျွန်း)ကျေးရွာအုပ်စုရှိ အောင်မြင်ဖြစ်ထွန်းနေသော နွေစပါးစိုက်ခင်းများအား ကြည့်ရှုအားပေးပြီး စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် ၊ မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ "World Red Cross Day" အခမ်းအနားနှင့် ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် သင်တန်းဆင်းပွဲအခမ်းအနား မြန်အောင…
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် ၊ မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ "World Red Cross Day" အခမ်းအနားနှင့်ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် (၁/၂၀၂၄) ၊ (၂/၂၀၂၄) ၊ (၃/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁) မြန်အောင်ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ မိုးစပါးရေတော်မိုးတော် စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ မိုးစပါး ရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲအခမ်းအနားနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် (၁၃၆၆)(ဘီ )ဦးပိုင်အမှတ် (၁၁/၁) တောင်သူ ဦးသိန်းထွေး၏ လယ်မြေ (၅.၀၀)ဧက တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်၊ မဲကုန်းကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံအထူးဇုန်ပညာပေးခြင်းနှင့် ပိုက်ဆံလျှော်ထည့်သွင်းရေး ကြဲခင်းစနစ်ပပျောက်ရေးနည်းပညာပေးဆွေးနွေး
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင်၂၀၂၄-၂၀၂၅ ဆီထွက်သီးနှံ စိုက်ဧကပြည့်မှီစေရေး၊ပိုက်ဆံလျှော်မြေမြုပ်ထည့်သွင်းနိုင်ရေးနှင့်မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက်ယမန်နေ့နံနက်ပိုင်းက ဆီထွက်သီးနှံဇုန်ပညာပေးခြင်းနှင့်ပိုက်ဆံလျှော်ထည့်သွင်းရေးကြဲခင်းစနစ်ပပျောက်ရေးဆွေးနွေးခြင်းကို မဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ သားသတ်အရောင်းဆိုင်များနှင့် ကူးတို့ဆိပ်များအား သတ်မှတ်ပေးထားသည့် စျေးနှုန်းများဖြင့် အများမြင်သာအောင်ချိတ်ဆွဲထားခြင်း ရှိ/ မရှိ လိုက်လံစစ်ဆ…
May 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွင်း လိုင်စင်ထုတ်ပေးထားသော သားသတ်အရောင်းဆိုင်များနှင့် ကူးတို့ဆိပ်များအား သတ်မှတ်ပေးထားသည့် စျေးနှုန်းများဖြင့် အများမြင်သာအောင် ချိတ်ဆွဲထားခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4983
Page
4984
Page
4985
Page
4986
Current page
4987
Page
4988
Page
4989
Page
4990
Page
4991
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department