ကြံခင်း မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဆီထွက်သီးနှံ စိုက်ဧကပြည့်မှီစေရေး၊ ပိုက်ဆံလျှော်မြေမြုပ်ထည့်သွင်းနိုင်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက်ယမန်နေ့နံနက်ပိုင်းက ဆီထွက်သီးနှံဇုန်ပညာပေးခြင်းနှင့် ပိုက်ဆံလျှော်ထည့်သွင်းရေး ကြဲခင်းစနစ်ပပျောက်ရေးဆွေးနွေးခြင်းကို မဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဆီထွက်သီးနှံဇုန် (၁) တာဝန်ခံ ဦးခင်မောင်စန်းက ဆီထွက်သီးနှံအထွက်နှုန်းမြင့်မားစေရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းတိုးတက်ရေး၊ အတွက် ပိုက်ဆံလျှော်ထည့်သွင်းရေး ကြဲခင်းစနစ်ပပျောက်ရေး နည်းပညာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစတိုင်းသာယာက မိုးစပါးရေတော်၊ မိုးတော်ဧရိယာများတွင် (သစ်စိမ်းမြေဩဇာ) ပိုက်ဆံလျော်ထည့်သွင်းစိုက်ခြင်းဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ပြီး အထွက်နှုန်းမြင့်မားရေး၊မြေဆီလွှာ၏ဂုဏ်သတ္တိတိုးလာခြင်း၊ သွင်းအားစုဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေးတိုးတက်လာခြင်းစသည့် ကောင်းကျိုးများရရှိနိုင်မှာဖြစ်ကြောင်း အားရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်ဆီထွက်သီးနှံတာဝန်ခံ ဦးသန်းအုန်းက အပင်၏အာဟာရဓာတ်များဖြစ်သောနိုက်ထရိုဂျင် ဖော့စ်ဖောရစ် (ဖော့စ်စဖိတ်) ပိုတတ်ရှ်အများဆုံးပါဝင်ချိန်တွင် ထယ်ထိုးမြေမြုပ်၍ သစ်စိမ်းမြေဩဇာမြေဆွေးဓာတ်ရရှိစေပြီး မြေအချဉ်အငန်ကိုလည်း ၎င်းကထိန်းညှိပေးနိုင်သလို မြေကြီးဂုဏ်သတ္တိ ပိုမိုကောင်းမွန်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။
အလားတူ ညနေပိုင်းတွင်လည်းကဇင်းကြီးကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသနေတောင်သူများ စိုက်ဧကအထွက်နှုန်းတိုးတက်မြင့်မားရေး၊ နည်းစနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံအထူးဇုန်ပညာပေးခြင်းနှင့် ပိုက်ဆံလျှော်ထည့်သွင်းရေး ကြဲခင်းစနစ်ပပျောက်ရေး နည်းပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)