Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်အနောက်ပိုင်းခရိုင် လုထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ စာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်
Apr 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လုထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်၊ ကြီးအုပ်-ညောင်ကုန်းလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Apr 22,2024
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂၅.၇၈၉သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်းလမ်း ၇ မိုင် ၄ ဖာလုံအနက် ၃ မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ စိုက်ပျိုးသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Apr 22,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုအခါ လယ်သီးထပ်စိုက်ပျိုးသော နေကြာ စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Apr 22,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
Apr 22,2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက ငပုတောမြို့နယ် အခြေခံပညာမူလတန်း ကျောင်း တံခွန်တိုင်ကျေးရွာ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်မီးသတ်တပ်ဖွဲ့မှ တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား ရေသွားရောက်လှူဒါန်း
Apr 22,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရေအခက်အခဲဖြစ်သည့် တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေး (campaign) ပြုလုပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ
Apr 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်လျှော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း campaign နှင့် ကြွပ်ကြွပ်အိတ် အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့တွင် ဒေသခံပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချပေး
Apr 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့ နံနက်(၇) နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4981
Page
4982
Page
4983
Page
4984
Current page
4985
Page
4986
Page
4987
Page
4988
Page
4989
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department