ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ မိုးစပါးရေတော်မိုးတော် စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကျင်းပ

ငပုတော မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ မိုးစပါး ရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲအခမ်းအနားနှင့် ကြဲပက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် (၁၃၆၆)(ဘီ )ဦးပိုင်အမှတ် (၁၁/၁) တောင်သူ ဦးသိန်း‌ထွေး၏ လယ်မြေ (၅.၀၀)ဧက တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်နှင့် လိုအပ်သော အာဟာရဓာတ်များ ရရှိစေရန် အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူများထံ ပေးအပ်ကာ ပိုက်ဆံလျှော်မျိုးစေ့များကို တာဝန်ရှိသူများနှင့်အတူ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

အောင်သူ (ငပုတော)