ပန်းတနော် မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွင်း လိုင်စင်ထုတ်ပေးထားသော သားသတ်အရောင်းဆိုင်များနှင့် ကူးတို့ဆိပ်များအား သတ်မှတ်ပေးထားသည့် စျေးနှုန်းများဖြင့် အများမြင်သာအောင် ချိတ်ဆွဲထားခြင်း ရှိ/မရှိ လိုက်လံ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စားသုံးသူများအနေဖြင့် သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် လိုင်စင်ထုတ်ပေး ထားသော မြို့မစျေးအတွင်းရှိ သားသတ်အရောင်းဆိုင်များနှင့် မြို့နယ်အတွင်းရှိကူးတို့ဆိပ်များတွင် သတ်မှတ်ပေးထားသည့် စျေးနှုန်းများအား အများမြင်သာအောင်ချိတ်ဆွဲထားခြင်း ရှိ/ မရှိကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)