မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း “ပုဂ္ဂလိက ဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်)" အမှတ်စဉ် (၁ /၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မော်လမြိုင် ဧပြီ ၂၇

၂ဝ၂၄ - ၂ဝ၂၅ ပညာသင်နှစ် “ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့်) "အမှတ်စဉ် (၁ /၂ဝ၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံလွှမ်းခြုံနိုင်​သော ပညာ​ရေးစနစ်ကို အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ပညာရေးကဏ္ဍတွင် အ​ခြေခံပညာစာသင်​ကျောင်းများအပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ပြီး သင်ကြားပေးနေမှုဟာ အရှိန်အဟုန်နဲ့ တိုးတက်များပြားလျက်ရှိ​ကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှာရှိတဲ့ သင်ကြားသူ ဆရာ၊ ဆရာမများကို ဆရာအတတ် ပညာပိုမိုကောင်းမွန် ပြည့်စုံစေဖို့အတွက် ပညာရေးဒီဂရီကောလိပ်ကို တက်ရောက်၍ ပညာရေးကဏ္ဍမှာ အားထားရမယ့် ထူးချွန်တဲ့ ဆရာကောင်း၊ ဆရာမွန်၊ ဆရာချွန်များ ပေါ်ထွက်လာနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်ပို့ချ​ပေးခြင်းဖြစ်​ကြောင်း၊ သင်တန်းကို တက်​ရောက်ပြီးကာ သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများသည် စဉ်ဆက်မပြတ် ​လေ့လာသင်ယူလိုစိတ်များဖြင့် လက်တွေ့ လုပ်ငန်းခွင်မှာအသုံးချနိုင်တဲ့ အရည်အသွေးမြင့်မား သူများဖြစ်လာ​စေရန်နှင့် ကျောင်းသားလူငယ်​လေးများကို ဗလငါးတန်ပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြရန် တိုက်တွန်းလိုပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ပုဂ္ဂလိက ဆရာအတတ်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) အမှတ်စဉ် (၁ /၂ဝ၂၄) သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၈၆) ဦး၊ ဘာသာရပ် (၁၆) မျိုးဖြင့် ဧပြီလ ၂၃ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)