မောက်မယ် ဧပြီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင်က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်သို့လျင်မြန်စွာရောက်ရှိစေရန် ရည်ရွယ်ကြောင်း” ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးရမည့်အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းပြောကြားပြီး ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအား စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းပြောကြားပြီး တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များက လိုအပ်ချက်များ၊ အားနည်းချက်များ တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မောက်မယ်မြို့နယ်၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိစုစုပေါင်း (၁၉)ယူနစ် ကျေးရွာပေါင်း(၂၇)ရွာတို့တွင် လူဦးရေပေါင်း(၁၅၀၀)ဦးခန့်အား မြစိမ်းရောင်အရင်းမပျောက် မတည်ရန်ပုံငွေအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြင့် ဆက်လက်လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)