ရန်ကုန် ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်၊ အမှတ် (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ ပိတောက်လမ်း(ဘီ)တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးနှင့် ကြက်ခြေနီ(အခမဲ့) ဆေးခန်းအား ဖွင့်လှစ်ထားရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းမှ Deputy Supervisor of the RCSC ဖြစ်သူ Mr. Zhang Xiaobin နှင့်အဖွဲ့ဝင်များက ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းမှ Mr. Zhang Xiaobin နှင့်အဖွဲ့ဝင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နိုင်ငံခြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါက်တာဇော်ဌေး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်နှင့် တပ်ဖွဲ့ဝင်များ၊ အသင်းသား/သူ များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြက်ခြေနီအသင်းအဖွဲ့သည် မြို့နယ်ကြက်ခြေနီ (အခမဲ့) ဆေးခန်းတွင် ဆေးကုသမှု ပြုလုပ်နေမှုများအား လေ့လာကြည့်ရှုခဲ့ကြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အသင်းသား/သူများနှင့် အပြန်အလှန် မိတ်ဆက်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)