ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဧပြီ​​(၁၆)ရက်နေ့ နံနက်(၉)နာရီမှ (၁၂ )နာရီထိ အပတ်စဥ်သောကြာနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ကြီးဘိုးဘွားများကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးဒေါက်တာရန်နိုင်ဆွေ၊ တာဝန်ကျဆရာဝန်များ၊ ဆရာ/ဆရာမများက သက်ကြီးရွယ်အိုများအား  ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင်ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူသက်ကြီးဘိုးဘွားစုစုပေါင်း(၁၃၅)ဦးအား အခမဲ့စောင့်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။ ဆက်လတ်၍ သက်ကြီးဘိုးဘွားများအား အလှူရှင်မိသားစုဝင်များက အာဟာရဒါနအ​နေဖြင့် ကြာဇံဟင်းခါး​တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)