ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံအရှေ့ ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းအပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  ဧပြီလ ၂၄ ရက်နေ့က မာဂဓီ-သာစည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်တင်နီလာကျော်က အပူဒဏ်အန္တရာယ်၏ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်စာ​ရေးဆရာအသင်းမှ ဘဏ္ဍာရေးမှူး ဦးလပြည့်ဇင် (လက်ယာ-မေတ္တာတံခွန်)က အပူဒဏ်အန္တရာယ်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ရန်အချက်များ၊ ပူပြင်းသည့်ရာသီတွင် အရည်ရွှမ်းသည့်အသီးအနှံများ စားသောက်ပေးသင့်ကြောင်း၊ ရေခဲရေသောက်ခြင်းမှရှောင်ကြဥ်ရန်၊ ဓာတ်ဆားရည်များသောက်သုံးပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုမှကာကွယ်နိုင်ကြောင်းစသည့်အချက်များအား အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးကာ တက်ရောက်လာ​သောကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။ ဟောပြောပွဲသို့ မာဂဒီ-သာစည်ကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ