အမြို့မြို့အနယ်နယ်သတင်းများ

May 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပသည်။
May 06,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၇) နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဇော်ဂျီရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်း၊ အနောက်ရပ်မြောက်ပိုင်း နှင့် ဈေးလေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသထွက်သဘာဝလိုင်ချီးသီးများ မေလအတွင်း လှိုင်လှိုင်ပေါ်ထွက်ရှိလာတော့မည်ဖြစ်သဖြင့် လိုင်ချီးသီးစျေးနှုန်းမှာ ယခင်နှစ်တွင်တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့်စျေးဖွင့်ပြီး ယခုနှစ်တွင် ၁၀၀၀၀ကျပ် စျေးဖွင့်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
May 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၃)အခြေံခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate) ဆေးခပ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
May 06,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊  စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ကြပြီး ဒေသခံပြည်သူများဘေးလွတ်ရာနေရာသို့ တိမ်းရှောင်ခဲ့ကြရသည်။
May 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် ကလေးများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ နည်းပညာများပိုမိုတတ်‌မြောက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀း၀၀ နာရီအချိန်က ကွန်ပျူတာ(အခြေခံ)သင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။