တန့်ယန်းမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းမှတ် ဆွမ်းဆက်ကပ်လှူဒါန်း

တန့်ယန်း  မေ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပသည်။

အဆိုပါ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတွင် တပ်ဦးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တနန္ဒိယနှင့် ဆရာတော်အရှင်သူမြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးခင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်နှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။                                                                                     

မင်းလွင်ဦး(တန့်ယန်း)