တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

တောင်ဥက္ကလာပ မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate) ဆေးခပ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တိုသို့ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှုများပြားနိုင်​သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေး၊ ပိုး‌လောက်လန်းပေါက်ဖွားမှုမှ ကာကွယ်နိုင်​ရေး ရေတင်ကျန်နိုင်သော ကားတာယာ‌ဟောင်းများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအား အဘိတ်(abate) ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ရေနုတ်မြောင်းများရှင်းလင်းခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်(abate) ဆေးခပ်ခြင်းလုပ်ငန်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များကြီးကြပ်၍  မြို့နယ်စည်ပင်သာယာ၊ ပြည်သူ့ကျန်းမာ‌ရေးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)