ဆီဆိုင်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံပြည်သူများအား ရေပြတ်လတ်မှု မဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိ

ဆီဆိုင် မေ ၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊  စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ကြပြီး ဒေသခံပြည်သူများဘေးလွတ်ရာနေရာသို့ တိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိအချိန်တွင် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ပြီးဖြစ်၍ သောက်သုံးရေ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေလိုအပ်သော ဘုန်းတော်ကြီးကျောင်းနှင့် မြို့‌ပေါ်ရပ်ကွက်များတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ရေယာဉ် များဖြင့် သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။ အဆိုပါ သုံးသောက်ရေပြတ်လတ်မှုမဖြစ်ပေါ်စေရန်အတွက် ယာယီရေသိုလှော်ကန်တွင် ရေသိုလှော်ထားရှိပြီး ဒေသခံပြည်သူများ လာရောက် အသုံးပြုနိုင်ကြောင်းနှင့် ရေလိုအပ်သည့်နေရာများအထိ အိမ်တိုင်ရာအရောက် ရေယာဉ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)