အမြို့မြို့အနယ်နယ်သတင်းများ

May 06,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 06,2024
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကွန်ဟိန်း) ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲခန့်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
May 06,2024
မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက် ၆ နာရီချိန်က သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 06,2024
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့ မီးသတ်ဦးစီးဌာန၌ ယမန်နေ့ နံနက်(၆)နာရီက (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဘုရားအမှူးရှိသော သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူပူဇော်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
May 06,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ဘုရားအမှူးရှိသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
May 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် (၅၃) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၄ခုနှစ်၊ မေလ (၅) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
May 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ ZEAL Pre School & ECCD Center မှ မူလတန်းကြိုအဆင့် သင်ယူပြီးမြောက်ခြင်း ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက ရွှေတောင်မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
May 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် ( ၂၀၂၄ ခုနှစ်) အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ( ၁၀း၀၀) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။