သရက် မေ ၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၇) နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဇော်ဂျီရပ်ကွက်၊ အနောက်ရပ်တောင်ပိုင်း၊ အနောက်ရပ်မြောက်ပိုင်း နှင့် ဈေးလေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့လိုက်လန်နှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြထွေးနှင့် ဝန်ထမ်းများက လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် သတိပြု၍ ရှောင်ရှားသင့်သည့်အပြုအမူများ သိရှိနိုင်စေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပေးချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်တက်စေရန် လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)