Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့ အ.ထ.က(၂) ကျောင်း၌ နွေရာသီ "လူငယ်စကားဝိုင်း" ကျင်းပ
May 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက် စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်၊လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေး
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ လေဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်
May 14,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် မေလ (၈) ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မင်္ဂလာကန်ဦးဘုန်းတော်ကြီးကျောင်းတွင် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်း
May 14,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီကာလတွင် သောက်သုံးရေးအခက်အခဲဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာများအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သူဌေးကုန်းရပ်ကွက် မင်္ဂလာကန်ဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သောက်သုံးရေ ဂါလံ ၁၆၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၊ တရုတ်စာသင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
May 14,2024
ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ လွိုင်ကုန်လမ်းရှိ တရုတ်စာသင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်
May 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းများ၊ ရေမြောင်းများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၀၇.၄၀)သန်းဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့် လုပ…
May 14,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများ အမိုး/ အကာအောက်တွင် လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၃ ရက် ညနေပိုင်းက ဝိုင်းမော်မြို့နယ် အတွင်းရှိ ယာယီတိမ်းရှောင်စခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆီထွက်သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး ပညာပေးဆွေးနွေးပွဲကျင်းပ
May 14,2024
မန္ထလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိကျေးရွာများတွင် ပီလောပီနံကို စီးပွားအဖြစ်စိုက်ပျိုးလာ
May 14,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကို အဓိကအားထား လုပ်ကိုင်ကြပြီး ယခုအခါ ပိုင်ကျုံမြို့ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ပီလောပီနံကို စီးပွားအဖြစ် စိုက်ပျိုးလာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4878
Page
4879
Page
4880
Page
4881
Current page
4882
Page
4883
Page
4884
Page
4885
Page
4886
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department