ကွန်ဟိန်း မေ ၁၄
ကွန်ဟိန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ လွိုင်ကုန်လမ်းရှိ တရုတ်စာသင်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ရွန်းမျက်သွယ်နိုင်မှ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရူ့စေလိုကြောင်း၊ စာပေဖတ်ရူ့ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)