ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မင်္ဂလာကန်ဦးဘုန်းတော်ကြီးကျောင်းတွင် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်း

ရေနံချောင်း မေ ၁

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက နွေရာသီကာလတွင် သောက်သုံးရေးအခက်အခဲဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာများအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သူဌေးကုန်းရပ်ကွက် မင်္ဂလာကန်ဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ သောက်သုံးရေ ဂါလံ ၁၆၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးမင်းဦးနှင့် သန္ဓေတပ်ဖွဲ့ဝင် လေးဦးက မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ ၁၆၀၀ ကို ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော် သံဃာတော်များ သောက်သုံးရေဖူလုံစေရန် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအနေဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)