အမြို့မြို့အနယ်နယ်သတင်းများ

May 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် Biometric ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာ ရပ်ကွက်ရှိ သီတာရေလုပ်ငန်းကုမ္ပဏီတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
May 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နိုင်ရေးနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ မေလ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အမှုထမ်းသစ်များ ရုံးလုပ်ငန်းဆိုင်ရာကျွမ်ကျင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ယင်းတက္ကသိုလ် Theatre ခန်းမဆောင်၌ ကျင်းပသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ စိုက်ထူခဲ့သည်။
May 14,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နွားမွေးမြူရေးခြံ၌ ပြုလုပ်ခဲ့သည်။
May 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးဦးကာလ(မိုးအကြိုကာလ)များတွင် သဘာဝဘေးကြောင့် အများဆုံးဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းငန်းများကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယခုလ ၈ ရက်နေ့မှစတင်ပြီး ကျေးရွာများသို့ သွားရောက်ကွင်းဆင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 14,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုလဲပျက်စီးခဲ့သော ထန်းပင်ကုန်းအုပ်စုရှိ နေအိမ်(၅၃)လုံးမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
May 14,2024
န်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ “ကျောင်းအပ်နှံရေး သီတင်းပတ်ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(၁)မော်လမြိုင်ကျောင်းရှေ့(မြို့တော်ဦးအဝိုင်းအရှေ့)၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊  ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။