ရှမ်းရွာသစ် မေ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းများ၊ ရေမြောင်းများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၀၇.၄၀)သန်းဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းတံတားတည်ဆောက်ခြင်းလုပ်ငန်း (၃)ခု၊ ပလက်ဖောင်း ပြုလုပ်ခြင်းလုပ်ငန်း(၈)ခု၊ ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း(၄)ခု၊ ရုံးတွင်းအဝီစိတူးဖော်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတို့ကို မကြာမီကာအတွင်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)