လပွတ္တာမြို့ အ.ထ.က(၂) ကျောင်း၌ နွေရာသီ "လူငယ်စကားဝိုင်း" ကျင်းပ

လပွတ္တာ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက် စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်၊​လူကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေး

နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က လပွတ္တာမြို့ အထက(၂) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်း​ပြုလုပ်ရာတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။  ထို့နောက် နွေရာသီ "လူငယ်စကားဝိုင်း" ကို ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးနှင့် အတူ အ.ထ.က (၂)ကျောင်း၊ Grade (12) မှ မအိအိအောင်က လူငယ်နှင့်စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ မောင်ဇေယျာထက် Grade (12) က "လူငယ်နှင့်မူးယစ်ဆေးဝါး"၊‌ မောင်ပိုင်ခန့်ကို Grade (12) က "လူငယ်နှင့် အတွေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊  မောင်စည်သူဝင်း Grade (12) က "လူငယ်နှင့်စာပေ"၊ မယမင်းခင်က "လူငယ်နှင့်အားကစား" စသည့် ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေး​ပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပြီး မြို့နယ် ပညာရေးမှူး ဦးသက်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ နွေရာသီ လူငယ်စကားဝိုင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်း များ၊ အ.ထ.က(၂)ကျောင်းမှ ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မူမူ