စမ်းချောင်း မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ( ၉ ) နာရီ (၃၀) မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်ဦးစီးမှူးရုံးမှလ၀ကမှူး ဒေါ်လှိုင်လှိုင်မော်နှင့် ဒု-လ၀ကဦးစီးမှူး ဦးသီဟသောင်းတို့က စမ်းချောင်းမြို့နယ်အတွင်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက်နှင့် ကျွန်းတော(အလယ်)ရက်ကွက်မှ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို M တံဆိပ်အိမ်ထောင်စု ၂ စု၊ ၁၈နှစ်အထက် ၂ ဦး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)