အလုံ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထာင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အလုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ဒုတိယ လဝကမှူး ဦးအောင်ပိုင်ဖြိုးနှင့်အဖွဲ့က အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထာင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာ ပြည်သူ (၂၂) ဦးအား မှတ်ပုံတင်စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် အိမ်ထောင်စု (၈) စုအား အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာသို့ ခရိုင်လဝကဦးစီးမှူး ဦးကျော်စိုးအောင်၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့၀င်များတက်ရောက်၍ ပြည်သူများနှင့်တွေ့ဆုံပြီး မှတ်ပုံတင်ကတ်များ လက်ဝယ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို(ပြန်/ဆက်)