မော်လိုက်မြို့၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့အထိမ်းအမှတ် ညောင်ရေသွန်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လိုက် မေလ ၁၆

စစ်ကိုင်တိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့) အထိမ်းအမှတ် ညောင်ရေသွန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကဆုန်လပြည့်နေ့အခမ်းအနားများ ကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက မိမိတို့ဆောင်ရွက်မည့် လုပ်းငန်းများတင်ပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပေါင်းစပ်ညှိနှိုင်းခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ကဆုန်လပြည့်နေ့အခမ်းအနားများ ကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်