နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့နီတိစာအုပ်များ၊ (၃၈) ဖြာမင်္ဂလာစာအုပ်များနှင့် ဓမ္မကျောင်းတော်  စာအုပ်များ လှူဒါန်း၊  ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ကွင်းဆင်းကြည့်ရှု

တပ်ကုန်း မေ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်ရှစ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများအား ဆက်လက် ထိန်းသိမ်းပြီး၊ မျိုးဆက်သစ်လူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်း သိမ်းစောင့်ရှောက်တတ်စေရန်နှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ နှင့်ကျောင်းသူ၊ ကျောင်းသားများ အစဉ်အလာများကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည့် ဗလငါးတန် နှင့် ပြည့်စုံသော နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံတော်မှ အားထားရသော လူငယ်၊လူရွယ်များ ဖြစ်လာ စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးဆန်းထွန်းအောင်နှင့်တာဝန်ရှိသူများ ယဉ်ကျေးလိမ္မာသင်တန်းများကို ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် ညောင်လူးကျေးရွာ၊ ဝဏ္ဏိတာရာမကျောင်းတိုက်သို့  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများ သွားရောက်၍  ဆရာတော်အား လှူဖွယ်နှင့် နဝက္ကမဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် သင်တန်းဖွင့်လှစ်သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ဦးကို ပြည်သူ့နီတိစာအုပ်များ၊ (၃၈)ဖြာမင်္ဂလာစာအုပ်များ၊ ဗုဒ္ဓဝင်စာအုပ်များနှင့်ဓမ္မကျောင်းတော် စာအုပ်များလှူဒါန်းခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများက ညောင်လူးကျေးရွာ၊ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံ၍ စာအုပ်များလှူဒါန်းပြီး၊ စာကြည့်တိုက်များ မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် စာဖတ်ချိန်မြှင့်တင်ရာတွင် ရပ်မိရပ်ဖများ၊ ကော်မတီများနှင့် အလှူရှင် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းမှာကြားခဲ့သည်။ 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျောက်စရစ်ကုန်းကျောင်းတိုက်နှင့် ရွှေမြို့ကြီးဂိုဏ်ထောက်ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အား လှူဖွယ်နှင့်နဝက္ကမဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက်  ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားနေသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၆၀ ဦးအား ပြည်သူ့နီတိစာအုပ်များ၊ (၃၈)ဖြာ မင်္ဂလာစာအုပ်များ၊ ဗုဒ္ဓဝင်စာအုပ်များနှင့် ဓမ္မကျောင်းတော်စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး၊ ရွှေမြို့ကြီးဂိုဏ်ထောက်ကျောင်းတိုက်တွင် အလျား ၂၂ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၁၀ ပေရှိ ၃ပင် X ၃ပင်ပတ်လည်ရှိ ဆောက်လက်စ စာကြည့်တိုက်အား ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းရေး သက်ဆိုင်ရာတာဝန်ရှိသူများကို  ရှင်းလင်းမှာကြား ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် သပြေချောင်းကျေးရွာရှိ “ပန်းသပြေ” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်သို့ ဆက်လက်သွားရောက်၍ စာကြည့်တိုက်အဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက်  စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍  စာကြည့်တိုက်ပြင်ဆင်ထားရှိရေး၊ စာဖတ်ချိန်မြင့်မားတိုးတတ်ရေး၊ စာဖတ်သူများတိုးပွားလာရေး၊ စာကြည့်တိုက်များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ အလှူရှင်များနှင့်စာပေ ဝါသနာပါသူများ ဝိုင်းဝန်းဆောင်ရွက်ကြရန် ရှင်းလင်းမှာကြားပြီးနောက် စာအုပ်များလှူဒါန်းခဲ့ သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာသင်တန်းများကို မြို့နယ်ရှစ်မြို့နယ်တွင် ၆၈ နေရာနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅၇၀၀ ဦး တတ်ရောက်သင်ကြားကြောင်း သိရသည်။

တင်စိုးလွင်