ပန်းတနော်မြို့၌ (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာစိုက်ထူ

ပန်းတနော် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ပန်းရွှေဝါပန်းခြံ ထောင့်တွင် စိုက်ထူခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင် (၁)ဗိုလ်မှူးအောင်မျိုး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်စီစီ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့တို့မှ စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့ထိ (KG) အတန်းမှ (Grade- 12)အထိ ကျောင်းအပ်လက်ခံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)