မင်းဘူး (စကု) မြို့နယ် ရေပေါ်လေးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မင်းဘူး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ ရေပေါ်လေးကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို မေလ ၁၄ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုလ ၈ ရက်နေ့က လေပြင်းတိုက်ခတ်မှုများကြောင့် ရေပေါ်လေးကျေးရွာမှ လူနေအိမ်ခြေ နှစ်လုံး၊ အိမ်ထောင်စု နှစ်စု၊ လူဦးရေ ၆ ဦး လေဘေးသင့်ခဲ့ရကြောင်း၊ အဆိုပါ လေဘေးသင့်အိမ်ထောင်စု နှစ်စုအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၈၀၀၀၀ ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၁၂၆၀၀ ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ ၉၂၆၀၀ ကျပ်တိတိကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)