တောင်တွင်းကြီးမြို့နယ်တွင် ပူပြင်းလှသည့် အပူရှိန်ကြောင့် အပူဒဏ်အန္တရာယ်လျော့ချနိုင်ရန် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပ

တောင်တွင်းကြီး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပူပြင်းလှသည့် အပူရှိန်ကြောင့် အပူဒဏ်အန္တရာယ်လျှော့ချနိုင်ရန် မေလ ၁၄ ရက်နေ့ ညနေ () နာရီအချိန်က မြို့နယ်ပြည်သူဆေးရုံဝန်းအတွင်း မိုးခေါ်လွန်ဆွဲပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလွန်ဆွဲပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာနေဇော်အောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ စုပေါင်း၍ အုန်း၊ ငှက်ပျော၊ သပြေညွှန်များဖြင့် ပွဲပြင်ဆင်၍ တင်မြောက်ပူဇော်ပသခြင်း၊ ရေများပက်ဖျန်းရေကစားခြင်း၊ အမျိုးသား/အမျိုးသမီး တစ်ဖက်စီခွဲ၍  မိုးခေါ်လွန်ဆွဲပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)