မုံရွာစီးပွားရေးတက္ကသိုလ် တွင် ဝန်ထမ်းသစ်များ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာစီးပွားရေးတက္ကသိုလ် တွင် ၂၀၂၄-ခုနှစ် ဧပြီလ ၁ ရက်နေ့ခန့် ထားသော ဝန်ထမ်းသစ်များ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် အဆောင်(၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သင်တန်းဆင်းပွဲတွင်  မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာ သီတာကြူက သင်တန်းဆင်းဝန်ထမ်းသစ်များအနေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်များကို လက်တွေ့ လုပ်ငန်းခွင်တွင် အားလုံးစည်းစည်းလုံးလုံးပျော်ရွှင်စွာ အထူးလုပ်ကိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ ဝန်ထမ်းသစ်များအား ထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ သင်တန်းနည်းပြ ဒုတိယပါမောက္ခချုပ်များနှင့် စီမံခန့်ခွဲရေးရာအရာရှိကြီးများအား ဂုဏ်ပြု လက်ဆောင်များကိုလည်းကောင်း အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်များနှင့် စီမံခန့်ခွဲရေးရာ အရာရှိကြီးများက  ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ခန်ထားသော ဝန်ထမ်းသစ်(၁၈)ဦးအား မေလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ  Mission, Vision, Cole Value, စီမံ၊ ဘဏ္ဍာ၊ သင်တန်းရေးရာ၊ အားကစားကိစ္စရပ်များ၊ စာကြည့်တိုက်အကြောင်းများ သိသင့်သိထိုက်သည်များကို  စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)