Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မရမ်းကုန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆေးကုသမှုဆောင်ရွက်
May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် အမှတ် (၁)ရပ်ကွက် မြို့ဟောင်း ၄ လမ်းနှင့် ၅ လမ်းရှိ နေအိမ်များ၌ မေ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
May 17,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကဒ်များ ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
May 17,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အတွင်းပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း၊ အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရက်(၁၀၀)စီမံချက်ဖြင့် ကြာအင်းကျေးရွာရှိ အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကဒ်များ (One Stop Service) ဖြင့် ထုတ်ပေးသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်လဝကဦးစီးမှူးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ မြို့မစျေးမီးဘေးသင့်စျေးသည်များအား အလှူငွေလှူဒါန်းထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့မစျေးမီးဘေးသင့်စျေးသည်များအား အလှူငွေ လှူဒါန်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဆောင်ရွက်
May 17,2026
မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
May 17,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း(၁၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
May 17,2026
မြန်မာနိုင်ငံ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း (၁၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်၊ ငွေရတုခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်ကြီး၊ ဝါကြီးပုဂ္ဂိုလ်ကြီးများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းမှ နာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းသားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့နယ်တွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး သီးနှံမျိုးစေ့များပေးအပ်
May 17,2026
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ စိုက်ပျိုးလျှက်ရှိသော အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်ကိုက သီးနှံမျိုးစေ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
478
Page
479
Page
480
Page
481
Current page
482
Page
483
Page
484
Page
485
Page
486
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department