အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့သည်။
Sep 18,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေလှေ)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
Sep 18,2025
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာမူလတန်းကျောင်း(ပေကုန်း)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ် အဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင် နိုင်ရန်ရည်ရွယ်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက် နံနက်(၉)နာရီက ကျင်းပသည်။
Sep 18,2025
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အ-မ-က(တပ်တွင်း)ကျောင်း၌ ယနေ့ နံနက်၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။
Sep 18,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပေပင်ကုန်းကျေးရွာရှိ တွန်တာနီမြေပဲ စံကွက်ရိတ်သိမ်းမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 18,2025
 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သာယာဝတီမြို့ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူးနှင့် အဖွဲ့ဝင်များက စက်တင်ဘာလ ၁၆ ရက်နေ့နံနက် ၈ နာရီက သာယာဝတီမြို့ ရန်ကုန်-ပြည်ကားလမ်းဘေး ခရိုင်အားကစားကွင်းလမ်းဆုံတွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့” ဆိုင်းဘုတ်ပိုစတာစိုက်ထူပွဲ  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 18,2025
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့နံနက်ပိုင်းအချိန်က သက်ငယ်​ပြင်ကျေးရွာသို့ သရုပ်ပြမဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 18,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မုရစ်ကြီး(မူလွန်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။