Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ် အ.ထ.က(ခွဲ) သရက်တောကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 18,2025
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊လူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို အ.ထ.က(ခွဲ) သရက်တောကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်တွင် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကျင်းပ
Sep 18,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချ
Sep 18,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန်များကို ယမန်နေ့ညနေ(၄:၃၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကရင်ချောင်းလမ်း၌ ရွေ့လျားစနစ်ဖြင့် စျေးနှုန်းချိုသာစွာ လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမရပူရမြို့တွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရချက်ပြုတ်ကျွေးမွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူလေးများအား သတ်မှတ်ထားသော အအာဟာရအုပ်စု ၅ မျိုးစံညွှန်းအတိုင်း ချက်ပြုတ်ကျွေးမွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးဆောင်ရွက်
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကျင့်သုံးရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးမှုကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီက လေညာ အရှေ့ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ထပ်ပိုးလွှာကတ္တရာ လမ်းခင်းခြင်း ဆောင်ရွက်ပေး
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထောက်ပံ့ရန်ပုံငွေဖြင့် မြို့မအနောက်ရပ်ကွက် (၁၁) လမ်းတွင် ထပ်ပိုးလွှာကတ္တရာလမ်းခင်းပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Sep 18,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က စာပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် (Youth Club) အဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
474
Page
475
Page
476
Page
477
Current page
478
Page
479
Page
480
Page
481
Page
482
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department