မရမ်းကုန်း မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် အမှတ် (၁)ရပ်ကွက် မြို့ဟောင်း ၄ လမ်းနှင့် ၅ လမ်းရှိ နေအိမ်များ၌ မေ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် lava survey ပြုလုပ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အသစ်များရှာဖွေခြင်း၊ အသက် ၁၅ နှစ်အောက် ကာကွယ်ဆေး ပြည့်စုံစွာမထိုးခဲ့ရသော ကလေးများအားရှာဖွေခြင်း၊ သွေးတိုးဆီးချိုရှိသောလူနာများအား နှလုံးစစ်ဆေးရန် အသိပညာပေးရှာဖွေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုတက္ကသိုလ်မှ တတိယနှစ်သင်တန်းသူများ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း