အမြို့မြို့အနယ်နယ်သတင်းများ

May 26,2026
စစ်ကိုင်းမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း၊ ပါရဂူခန်းမ၌ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
May 26,2026
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် Data Digitizing And Map Production သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
May 26,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့တွင်လည်း မေလ ၂၅ ရက်နံနက် ၈ နာရီမှစ၍ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျောင်းသား/ ကျောင်းသူများကို ကျောင်းအပ်နှံရေးစတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
May 26,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 26,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဝက်ချောင်းတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယမန်‌နေ့က ကွင်းဆင်းကုသပေးခဲ့ကြသည်။