ကျောင်းကုန်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဝက်ချောင်းတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယမန်နေ့က ကွင်းဆင်းကုသပေးခဲ့ကြသည်။
ကွင်းဆင်းဆေးကုသရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်လံကြည့်ရှု၍အားပေးခဲ့ပြီး၊ လာရောက်ပြသသည့် လူနာများအား အလှူရှင်များက ထမင်းဘူးနှင့်အအေးများ လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကုသမှုအစီအစဉ်တွင် အထွေထွေရောဂါအထူးကု လူနာ (၆၃) ဦး၊ ခွဲစိတ်လူနာ (၂၀) ဦး၊ သားဖွားမီးယပ်လူနာ (၁၂) ဦး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာလူနာ (၃၄) ဦး၊ တယ်လီဗေး ရှင်းဓါတ်မှန်ရိုက်ခြင်း (၁၉) ဦး၊ သွားနှင့်ခံတွင်းလူနာ (၁၉) ဦး၊ ကလေးလူနာ (၂၂) ဦး၊ စုစုပေါင်းလူနာ (၁၈၉) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)