လားရှိုးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆)  ဖွင့်လှစ်သင်ကြားပေး

လားရှိုး မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများအား ချီးမြှင့်ပေးအပ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းသစ်က လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းအား မေလ ၂၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ခေတ်မီမီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်ခြင်းသင်ခန်းစာများအား လေ့ကျင့်ပို့ချသင်ကြားသွားမည်ဖြစ်ရာ သင်တန်းသားစုစုပေါင်း ၃၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)