ပုသိမ် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် Data Digitizing And Map Production သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းဆရာ ဒေါက်တာ သိန်းဖေမြင့်က GIS အသုံးပြုနည်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းဆရာဒေါက်တာသိန်းဖေမြင့်၊ ဦးရဲနိုင်သိမ်းနှင့် ဦးဇင်မင်းထက်တို့က Data Digitizing And Map Production ဆိုင်ရာများဖြစ်သည့် Data Digitizing ပြုလုပ်ခြင်း၊ Map Layout Desing ထုတ်လုပ်ခြင်းနှင့် GIS Online System အသုံးပြုခြင်းသင်ခန်းစာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များမှ သင်တန်းသား/ သင်တန်းသူ (၄၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ယခုလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)