အမြို့မြို့အနယ်နယ်သတင်းများ

May 26,2026
ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆) သင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၇)မြို့နယ်တို့တွင် ယမန်နေ့မှစတင်၍ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
May 26,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ  ၁၃၃၇ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ ကျင်းပခဲ့သည်။
May 26,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မြို့မဈေးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်ဦးစီးဌာန ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး သရုပ်ပြပွဲဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
May 26,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ကျောင်းအပ်လက်ခံနေပြီဖြစ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီ အချိန်စတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
May 26,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် တီဘီရောဂါရှာဖွေရေး၊ ကုသရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနနေရာ၌ ကွင်းဆင်းလာ‌ရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ "9-ပွိုင့်" အ ဆင့်မြင့် အအေးခန်းဧည့်ရိပ်သာအား မီးဘေးလုံခြုံ ရေးအတွက် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။
May 26,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့်ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး၊ ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက်အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများတွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။